စုကလိမြို့ ရွံ့စေးဖြူ ထုတ်လုပ်ရေးလုပ်ကွက်သို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့်အဖွဲ့ ကွင်းဆင်းစစ်ဆေး

စုကလိ မတ် ၂၂

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအိုက်ကျန်ခမ်း၊ အမှတ်(၁)သတ္တုတွင်းဝန်ကြီးဌာန (နေပြည်တော်)မှ လက်ထောက်မန်နေဂျာ ဦးမျိုးလွင် နှင့် တာဝန်ရှိသူများသည် မွန်မြတ်အလင်း ရွံ့စေးဖြူ ထုတ်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောင်ရွက် လျက်ရှိသည့် ရွံ့စေးဖြူ လုပ်ကွက်သို့ ယမန်နေ့ နံနက်(၁၁)နာရီက ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့သည်။

ယင်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့်အဖွဲ့သည် ရွံ့စေးဖြူ ထုတ်လုပ်ရေးနှင့် ပတ်သက်ပြီး ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုမရှိစေရေး သက်ဆိုင်ရာ ဒေသအာဏာပိုင်များ၊ ရပ်မိရပ်ဖ များနှင့် မွန်မြတ်အလင်း ရွံ့စေးဖြူထုတ်လုပ်ရေး ကုမ္ပဏီမှတာဝန်ရှိသူများအား လမ်းညွှန်မှာကြား ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါရွံ့စေးဖြူ ထုတ်လုပ်ရေးလုပ်ငန်းအား စုကလိမြို့ အနောက်တောင်ဘက် (၃)မိုင်ခန့်အကွာ ခန့်မှန်းပြီး မွန်မြတ်အလင်းရွံဆေးဖြူထုတ်လုပ်ရေး ကုမ္ပဏီမှ (၂၀၁၈)ခုနှစ်မှစတင်၍ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရေး ရွံ့စေးဖြူ ထုတ်လုပ်ခြင်းအား ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

အောင်စံထွန်း (ပြန်/ဆက်)