သဲကုန်း စက်တင်ဘာ ၁၅
ပဲခူးတိုင်းဒေကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် အသက်(၅၅)နှစ်မှ အသက်(၆၄)နှစ်အထိ ပြည်သူများအား သက်ဆိုင်ရာ မိမိတို့၏ ရပ်ကွက်ကျေးရွာ ဆေးထိုးရက်များအတိုင်း သက်ဆိုင်ရာနယ်မြေအလိုက် ဆေးထိုးစုရပ်နေရာများတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါပထမအကြိမ်ကာကွယ်ဆေး စတင်ထိုးနှံခြင်းကို သဲကုန်းနယ်မြေ၌ သဲကုန်းဆေးရုံတွင် (၁၇-၉-၂၀၂၁) ရက်နေ့မှ (၂၀-၉-၂၀၂၁) ရက်နေ့အထိ၎င်း၊ ပုတီးကုန်းနယ်မြေ၌ မြို့လယ်ဘုရား (စျေးအနီး)၊ အင်းမနယ်မြေ၌ စိုက်ပျိုးရေးစခန်း၊ ဆင်မြီးဆွဲနယ်မြေ၌ ဆင်မြှီးဆွဲတိုက်နယ်ဆေးရုံ၊ ကြို့ပင်သာ (ဝက်ပုတ်)နယ်မြေ၌ အ.ထ.က (ဝက်ပုတ်)တို့တွင် (၁၆-၉-၂၀၂၁)ရက်နေ့မှ (၂၁-၉- ၂၀၂၁) ရက်နေ့ အထိ၎င်း စသည့်ကာကွယ်ဆေးထိုး စုရပ်အသီးသီးတွင် နံနက် ၉ နာရီမှစတင်၍ နေ့စဉ်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရှိရသည်။
နိုင်လင်း(မြို့နယ်ပြန်/ဆက်)