COVID-19 ရောဂါ ကြိုတင်ကာကွယ်နိုင်​ရေး လက်အိတ်များနှင့် နှာခေါင်းစည်းများ ဖြန့်ဝေ ဆောင်ရွက်

ကျိုက်ဒုံ မတ် ၂၂

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ အမှတ်(၄)ရပ်ကွက်၊ မြို့မဈေးတွင် ယမန်နေ့က ကျိုက်ဒုံမြို့ အုပ်ရေးမှူးဦးမင်းဇော်၊ ကျေးလက်ကျန်းမာရေးမှူး ဦးမိုးမြင့်ဝင်း၊ စည်ပင်ဦးစီးမှူး ဦးသန့်ဇော်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ရုံးတာဝန်ခံ ဦးစောပန်းစိန်တို့သည် COVID-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့မဈေးအတွင်း၌ သား/ငါးရောင်းချ​နေသူများအား အသား၊ ငါးရောင်းချကိုင်တွယ်ရာတွင် နှားခေါင်းစည်း၊ လက်အိတ်၊ ပိုးမွှားကာကွယ်ရေး အင်္ကျီများ ဝတ်ဆင်၍ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ လိုက်နာ​ဆောင်ရွက်ကြရန် အသိ ပညာပေး ပြောကြားပြီး စည်ပင်ရုံးတာဝန်ခံနှင့် (မွေး/ကု)ရုံးတာဝန်ခံတို့မှ တစ်ခါသုံး လက်အိတ်နှင့် နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းနိုင်(ပြန်/ဆက်)