လှည်းကူး သြဂုတ် ၁၄
စက်မှုလယ်ယာဦးစီးဌာန အမှတ်(၃၅)စက်မှုလယ်ယာစခန်း ထောက်ကြန့်မြို့မှ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း တောင်သူပညာပေး သရုပ်ပြပွဲကို ယခုလ(၁၂)ရက်နေ့ နံနက်(၉)နာရီက ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူး မြို့နယ် အုန်းနှဲကုန်းကျေးရွာရှိ တောင်သူ ဦးတင်ယု လယ်မြေပေါ်၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ညောင်တစ်ခြမ်းကျေးရွာ စနစ်ကျလယ်ယာမြေရှိ Knowledge Center ခန်းမ၌ တောင်သူများနှင့် တွေ့ဆုံမှုပြုလုပ်ရာတွင် အမှတ်(၃၅)စက်မှုလယ်ယာဦးစီးဌာန ထောက်ကြန့်မြို့မှ ဦးစီးမှူး ဦးဦးဘဝင်းက အဖွင့်အမှာစကားပြောကြားပြီး စက်မှုလယ်ယာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးတင်မောင်ကြည်နှင့် အမှတ်(၁)ပင်မစက်ပြင်အလုပ်ရုံမှူး ဦးဝင်းကျော်ဦးတို့က တောင်သူများ ကောက်စိုက် စက်ဖြင့် စိုက်ပျိုးခြင်းဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်လာပြီး လုပ်သားအင်အားလျော့နည်းလာကာ မျိုးစေ့ကုန်ကျမှုသက်သာစေရန် ရည်ရွယ်၍ကောက်စိုက်ဖြင့် စိုက်ပျိုးသရုပ်ခြင်းဖြစ်ကြောင်း အကျယ်တဝင့်ရှင်းလင်း ပြောကြားခဲ့ပြီး တက်ရောက် လာသည့် တောင်သူ (၃၀)ဦးတို့က သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။
“ တောင်သူများ လယ်ယာမြေပေါ်တွင် ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်းဖြင့် လုပ်သားအင်အားရှားပါး မှုနှင့် ရာသီဥတုဖောက်ပြန်မှု ဒဏ်များမှ ကျော်လွှားနိုင်စေရန်၊ မျိုးစေ့ကုန်ကျမှုသက်သာပြီး စိုက်ပျိုးစရိတ်သက် သာလာစေရန်၊ မြေယာပြုပြင်ပြီး ရိတ်သိမ်းချိန်အထိ စက်ကိရိယာများ အပြည့်အဝအသုံးပြုခြင်းဖြင့်လယ်ယာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ပြီး တောင်သူများ စိုက်ပျိုးနည်းစနစ်မှန်ကန်၍ သီးနှံအထွက် နှုန်းကောင်းမွန်ပြီး ဝင်ငွေတိုး တက်ကောင်းမွန်လာနိုင်မည်ဖြစ်ကြောင်း”စသည်ဖြင့် အမှတ်(၃၅)စက်မှုလယ်ယာဦးစီးဌာန ထောက်ကြန့်မြို့မှ ဦးစီးမှူး ဦးဦးဘဝင်းက ပြောကြားခဲ့သည်။
နိုင်လင်း(လှည်းကူး)