ဘုရားသုံးဆူမြို့တွင် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

ဘုရားသုံးဆူ မတ် ၂၁

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့၊ အမှတ်(၃)ရပ်ကွက်၊ ဘုရင့်နှောင်လမ်းမကြီးဘေးတွင် ယနေ့မွန်းလွဲ ၂ နာရီ အချိန်၌  လျှပ်စစ်ဝါယာရှော့ဖြစ်၍ နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားပြီး ဘုရားသုံးဆူမြို့ မီးသတ်စခန်းမှ မီးသတ်ဦးစီးမှူး ဇင်မင်းထက် ဦးဆောင်၍ မီးသတ်ယာဉ် ၂ စီးဖြင့် သွားရောက်ငြိမ်းသတ်ရာ မွန်းလွဲ ၂နာရီ မိနစ် ၂၀ တွင် ငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

စောရဲ၀င်းထွဋ်(သုံးဆူ)