ကမာရွတ်မြို့နယ် သံပျင်ဆောင် Facility Quarantine Center သို့ စားသောက်ကုန်များ လာရောက်လှူဒါန်း

ကမာရွတ်  ဩဂုတ်  ၁၄

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်၌ ဖွင့်လှစ်ထားသောသံပျင်ဆောင် Facility Quarantine Center သို့ တက္ကသိုလ်ဘာသာပြန် နှင့် စာအုပ်ထုတ်ဝေရေးဌာန စတင်တည်ထောင်သူ ဆရာကြီးဦးဝန် (မင်းသုဝဏ်)ကွယ်လွန်ခြင်း (၁၆)နှစ်ပြည့်ရည်စူး၍ တက္ကသိုလ်ဘာသာ ပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာန မိသားစုများက နေ့လည်စာအဖြစ် ထမင်းနှင့် ပုစွန်ဟင်းဆီပြန်၊ ငါးဖယ်နှင့် ကျောက်ပွင့်သုပ်၊ ငါး ပိရည်နှင့် တို့စရာ များနှင့် ငှက်ပျောသီးများ ကို Quarantine ဝင်နေသူများအတွက်လာရောက်လှူဒါန်းခဲ့ သည်။

ထို့အတူ ကမာရွတ်မြို့နယ်ထွေ/အုပ်၊မြို့နယ်အတွင်းရှိလူမှုရေးအသင်းအဖွဲ့များမှ အဆင့်မြင့်ပညာ ဦးစီးဌာနပိုင် တက္ကသိုလ်နယ်မြေအတွင်းရှိ သံပျင်၊အဓိပတိ၊အမရာဆောင်များတွင် ထားရှိသော  Quarantine ဝင်နေသူများအတွက် လိုအပ်လျက်ရှိသော နေ့စဉ်စားသောက်စရိတ်၊ နေရာထိုင်ခင်းအတွက်  အသုံးအဆောင်ပစ္စည်း ပစ္စယများ၊ မော်တော်ယာဉ်များအတွက် စက်သုံးဆီများ၊အခြား လိုအပ်သော အသေးအဖွဲ့ စရိတ် များအတွက် မြို့နယ်ထွေ/အုပ်မှလည်းကောင်း၊မြို့နယ် လူမှုကူညီရေး အသင်း အဖွဲ့များမှလည်းကောင်း၊ စေတနာရှင်မိဘပြည်သူများ၏ စုပေါင်း လှူဒါန်းမှုများမှ လည်းကောင်း နေ့စဉ်ကုန်ကျခံသုံးစွဲ လျက်ရှိကြောင်းသိရသည်။

စိမ်းလဲ့(ပြန်/ဆက်)