ရန်ကုန် ဩဂုတ် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီမှဦး ဆောင်ကာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများသည်ယနေ့ မွန်းလွဲပိုင်းအချိန်က မြို့နယ်အတွင်း COVID-19 ရောဂါ ကာကွယ် နိုင်ရေးအတွက် သင်္ဃန်းကျွန်းမြို့နယ် လမ်းများပေါ်တွင် Mask မတပ်ဆင်ဘဲသွားလာနေကြသူများအား Mask များအခမဲ့လိုက်လံ ပေးဝေကာ Mask တပ်ဆင်သွားလာကြ စေရေးအတွက် နှိုးဆော်ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
ရဲမင်းထွန်း (ပြန်/ဆက်)