ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ ညှိနှိုင်းအစည်းအဝေး ပြုလုပ်

ဆိပ်ကြီးခနောင်တို ဩဂုတ် ၁၄

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ၊အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်သိန်းက အဖွင့်အမှာစကား ပြောကြားပြီး၊ လူမှုဝန်ထမ်းဦးစီးဌာန ဆိပ်ကြီးခနောင်တို မြို့နယ် တာဝန်ခံ ဒေါ်သိင်္ဂီအောင်က ကလေးသူငယ်နှင့် အမျိုးသမီးများဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ ဖြစ်ကြသည့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိ သူများက ကလေးသူငယ်များနှင့် ပတ်သက်သည့် ဥပဒေ အကြောင်းအရာများ၊ ကလေးသူငယ်အခွင့်အရေးများ၊ အမျိုးသမီးများနှင့် ပတ်သက် သည့် အခွင့်အရေးများ၊လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးကြပြီး၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ အား ချမှတ် ဆွေးနွေး ဆောင်ရွက်ခဲ့ ကြကြောင်းသိရသည်။

ဝေယံ(ဆိပ်ကြီးခနောင်တို)