ဖြူး ဩဂုတ် ၁၄
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူတိုင်း ဆန္ဒမဲပေး နိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ ဖြူးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမြင့်သိန်းနှင့် ဝန်ထမ်းများက ဩဂုတ်လ(၁၄) ရက်နေ့တွင် ကျားသောင်ကျေးရွာ အုပ်စု တွင်ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ကြသည်။
အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်များကို ကျေးရွာအုပ်စုအလိုက် သွားရောက်ဆောင်ရွက်ပေး လျက်ရှိရာမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းတွင် နိုင်ငံသား စိစစ်ရေးကတ်အမှတ် ကွက်လပ်ပေါက် မရှိစေရေးအတွက် (၂၅.၇.၂၀၂၀)ရက်နေ့မှစတင်၍ သစ္စာစီမံချက်ဖြင့် ဆောင်ရွက်လျက် ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးမြင့်သိန်း ပြောကြားခဲ့ကြောင်း သိရပါသည်။
မနွယ် (ဖြူး)