သက်တမ်းလွန်စားသောက်ကုန်များနှင့် ကန့်သတ်ဆိုးဆေးပါဝင်သည့် အစားအသောက် ရောင်းချမှု ရှိမ/ရှိ ကွင်းဆင်းစစ်ဆေး

ဘောဂလိ  မတ်  ၂၁

ဘောဂလိမြို့  စည်ပင်ဧရိယာအတွင်းရှိ   ဈေးဆိုင်များ၌   သက်တမ်းလွန်စားသောက်ကုန်များနှင့်    ကန့်သတ်ဆိုးဆေးပါဝင်သည့်    အစားအသောက်များရောင်းချမှု ရှိ/မရှိ  သံတောင်ကြီး မြို့နယ် စားသုံးသူ ရေးရာ ဦးစီးဌာနမှ   တာဝန်ခံ ဦးအိုကလိုထူးနှင့်  မြို့အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍   ယနေ့နံနက်   ၁၀နာရီအချိန်က  ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ   တာဝန်ခံ ဦးအိုကလိုထူးက  “မြို့စည်ပင်ဧရိယာအတွင်းရှိ‌ဈေးဆိုင်များတွင်      သက်တမ်းလွန်စားသောက်ကုန်များနှင့်     ကန့်သတ်ဆိုးဆေးပါဝင်သည့် အစား အသောက် များ  ရောင်းချမှု ရှိ မရှိကို   နှစ်လတစ်ကြိမ်  ကွင်းဆင်းစစ်ဆေးမည်      ဖြစ်ပြီး ပြည်သူများ  အနေနဲ့   အန္တရာယ်ကင်းတဲ့အစားအသောက်များ    ဝယ်ယူစားသောက်နိုင်ဖို့    ပညာပေး လုပ်ငန်း များ   ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း “ ပြောကြားသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် သိမ်းဆည်းရမိသည့်  စားသုံးရန်  မသင့်သည့် အစားအသောက်နှင့်  သက်တမ်းလွန်ဆေးဝါးများကို    စနစ်တကျစွန့်ပစ် ဖျက်ဆီးသွားမည်ဖြစ်ကြောင်းသိရသည်။ 

နီလာအေး  (ပြန်/ဆက်)