အရာတော်မြို့၊ ရပ်ကွက်/​ကျေးရွာအသီးသီးရှိ ရွေးကောက်ပွဲကော်မရှင်ရုံးများတွင် မဲဆန္ဒရှင်စာရင်း ကပ်ထားမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှု

အရာတော်   ဩဂုတ်  ၁၄

စစ်ကိုင်းတိုင်းဒေသကြီး  အရာတော်မြို့တွင် ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပထမအကြိမ်မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေငြာခြင်းကို ယမန်နေ့က ကျေးရွာအုပ်စုများသို့ ကွင်းဆင်းကြည့်ရှု့ခဲ့သည်။

ယင်းသို့ ကွင်းဆင်းကြည့်ရှုရာတွင် မြု့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးသိုက်ထွန်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင့်ဆွေနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက ကျေးရွာကော်မရှင် အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင်စာရင်းများ ကြော်ညာကပ်ထားရာသို့ မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှုနေမှု အခြေအနေ၊ မဲစာရင်းတွင်

မပါရွိသူများအား ဆောင်ရွက်ပေးနေသည့် အခြေအနေများ၊ အချက်အလက်များ မှန်/မမှန် စစ်ဆေးနေမှုနှင့် သတ်မှတ်ပုံစံဖြင့် ပြင်ဆင်ဆောင်ရွက်ပေးနေခြင်းများကို ကြည့်ရှုပြီး လိုအပ်ချက်များအား အချိန်မီပြင်ဆင်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အရာမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု (၄၂)အုပ်စု၊ ကျေးရွာပေါင်း (၁၅၅)ရွာရှိပြီး မဲရုံပေါင်း (၁၂၃)ရုံထားရှိကာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၃၉၄၆၁)ဦး ရှိကြောင်း သိရသည်။

 

သူရ (မြို့နယ်၊ ပြန်/ဆက်)