အရာတော်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အ‌ခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရက‌ ဒုတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်

အရာတော်   ဩဂုတ်  ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း နိုင်ငံတော်အစိုးရက ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ဒုတိယအကြိမ်ထောက်ပံ့ငွေများကို ဩဂုတ်လ (၁၃)ရက်နေ့  မွန်းလွဲ  ၂ နာရီမှစတင်ကာ ရပ်ကွက်/ကျေးရွာပြည်သူများ လက်ဝယ်အရောက်‌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းသို့ပေးအပ်ရာတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးသိုက်ထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်‌ကွက် /ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ကာလအတွင်း အရာတော်မြို့နယ်  ရပ်ကွက်/ကျေးရွာအုပ်စု ၄၂ အုပ်စုရှိ ပုံမှန်ဝင်ငွေမရှိသော အ‌ခြေခံလူတန်းစားအိမ်‌ထောင်စု (၈၇၁၆) စုအတွက် တစ်အိမ်ထောင်လျှင် ၂၀၀၀၀ကျပ်နှုန်းဖြင့် နိုင်ငံ‌တော်အစိုးရက ဒုတိယအကြိမ် ထောက်ပံ့ငွေကျပ်သန်း (၁၇၄၃၂၀၀၀၀)ကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အိမ်ထောင်စုများလက်ဝယ်အရောက် သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

သူရ (မြို့နယ်၊ပြန်/ဆက်)