အရာတော် ဩဂုတ် ၁၅
ကလေးသူငယ်အခွင့်အရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အရာတော်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် (၁၀)နာရီ က ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိုက်ထွန်း က အဖွင့်အမှာစကားပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းရုံးမှ ဦးစီးမှူး ဒေါ်သူဇာအောင် က ကလေးသူငယ်ကာကွယ်စောင့်ရှောက်မှု ဆောင်ရွက်ချက်အတွေ့အကြုံများ၊ မသန်စွမ်းသူ ကလေးသူငယ်များ ပြန်လည်ထူထောင်ရေး ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာသော မြို့နယ်အဆင့် ကလေးသူငယ်ဆိုင်ရာအဖွဲ့ဝင်များမှ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးနှင့် ပတ်သက်ပြီး ၄င်းတို့၏လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားများကို တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သူရ (မြို့နယ်၊ပြန်/ဆက်)