အင်းစိန်မြို့နယ်၌ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး (၈/၂၀၂၀) အစည်းအဝေး ကျင်းပ

ရန်ကုန်  ဩဂုတ် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး (၀၈/၂၀၂၀) အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အင်းစိန် GTI စားရိပ်သာ ခန်းမတွင် ကျင်းပခဲ့သည်။

အင်းစိန်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦး၊ တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ် ဦးသာအောင်နှင့် တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းအောင် တို့က အမှာစကား အသီးသီး ပြောကြားပြီး မြို့နယ်ဖွံ့ဖြိုးရေးအတွက် စီမံကိန်းချမှတ် ဆောင်ရွက်နေသည့် လုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ပြီးစီးရေးနှင့် မြို့နယ်စီမံကိန်း ဦးစီးမှူးက ပြီးခဲ့သည့်အစည်းအဝေးမှတ်တမ်းများအရ မေးမြန်းသည်များကို ဌာနတစ်ခုချင်းစီမှ ပြန်လည် ဖြေကြားမှုပေါ် လွှတ်တော်ကိုယ်စားလှယ်များက ဖြည့်စွက်၍ လမ်းညွှန်အကြံပြု ဆွေးနွေးရာတွင် မိမိတို့ အစိုးရသည် အမိန့်အာဏာဖြင့် အုပ်ချုပ်သည့် အစိုးရမဟုတ်ဘဲ ဥပဒေဖြင့်သာ အုပ်ချုပ်သည့် အစိုးရ ဖြစ်သည့်အတွက် ပြည်သူများ၏ အခွန်ဘဏ္ဍငွေများဖြင့် လစာရယူထားကြသော ဌာနဆိုင်ရာများ အနေဖြင့် တည်ဆဲဉပဒေများကို စောင့်ထိန်းလိုက်နာ၍ ပြည်သူ့အကျိုးအတွက် မိမိတို့လွှတ်တော် ကိုယ်စားလှယ်များ နှင့် ပူးပေါင်းဆောင်ရွက်ကြရန် စသည်တို့ကို လမ်းညွှန်မှာကြားခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ အင်းစိန်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဦး၊ တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ် ဦးသာအောင်နှင့် တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဉက္ကဋ္ဌ ဦးသိန်းသန်းနှင့် အတွင်းရေးမှူး EO ဦးဝင်းနိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)