အသက်​​​​မွေးဝမ်း​ကျောင်းအ​ထောက်အကူပြုအဆင့်မြှင့်စက်ချုပ်သင်တန်းဆင်းပွဲ ပြုလုပ်

ဖား​ဆောင်း  သြဂုတ် ၁၅

စိုက်ပျိုး​ရေး၊​ မွေးမြူ​ရေးနှင့်ဆည်​မြောင်းဝန်ကြီးဌာန ၊​ ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေး ဦးစီးဌာနဖား​ဆောင်းမြို့နယ်ရုံးမှ ​ကျေးလက်​နေပြည်သူများလူမှုဘဝမြှင့်မား​ရေး၊ အလုပ်အကိုင် အခွင့်အလှမ်း​ကောင်းများရရှိ​ရေး၊ ဝင်​ငွေတိုးပွား​စေ​ရေးကိုရည်ရွယ်၍ ဖွင့်လှစ်ခဲ့​သောအသက်​မွေးဝမ်းကျောင်း အ​ထောက်အကူပြု အဆင့်မြှင့်စက်ချုပ် သင်တန်းဆင်းပွဲ အခမ်းအနားကို ယ​နေ့ နံနက်(၉)နာရီခွဲ အချိန်က ဖား​ဆောင်းမြို့ စုစည်း​ကျေးရွာ ခန်းမ​ဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဆင်းပွဲအခမ်းအနား၌  ပြည်နယ်​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦး​ကျော်သူ​အောင်က အဖွင့်အမှာစကား​ပြောကြားရာတွင် သင်တန်းမှရရှိ​သော စာ​တွေ့၊လက်​တွေ့ပညာရပ်များကို လက်​တွေ့နယ်ပယ်တွင် အကျိုးရှိစွာ အသုံးပြု​စေခြင်းဖြင့် မိသားစုစားဝတ်​နေ​ရေးအတွက် တစ်ဖက်တစ်လမ်း မှဝင်​ငွေရရှိနိုင်​ပါသဖြင့် ကြိုးစားကြ​စေလိုကြောင်း အမှာစကား ​ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများကသင်တန်းတွင် ထူးချွန်ဆုရရှိသူတစ်ဦးအား စက်ချုပ် စက်တစ်လုံးနှင့် နှာ​ခေါင်းစည်း  mask ချုပ်လုပ်ရာတွင် ထူးချွန်ဆုရရှိသူ(၄)ဦးကို ဆုများနှင့် သင်တန်းသူများ အားလုံးကို သင်တန်းဆင်းလက်မှတ်များ​ပေးအပ်ခဲ့ကာ သင်တန်းသူတစ်ဦးမှ​ ကျေးဇူးတင်စကား ပြန်လည်​ပြောကြားခဲ့သည်။

ယင်း​နောက် ​ဘောလခဲခရိုင်၊​ ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်လွင်က နိဂုံးချုပ်အမှာစကားပြန်လည်​ပြောကြားခဲ့​ကြောင်းနှင့် သင်တန်းသူများ၏ ချုပ်လုပ်ပြသထားသည့် အဝတ် အထည်များ၊ နှာ​ခေါင်းစည်း Mask  များကို ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုခဲ့ကြ​ကြောင်း သိရသည်။

နန်းသဲနု​အောင် (ဖား​ဆောင်းပြန်/ဆက်)