အရာတော် ဩဂုတ် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနနှင့် စာပေချစ်သူများ ပူးပေါင်းကာ စာရေးဆရာနေဝင်းမြင့်၏ ရေစင်ကြေး ဝတ္ထုတိုဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အရာတော်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နွယ်နီမြင့်က စာဖတ်ဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာအုပ်စာပေ ချစ်မြတ်နိုးသူများအဖွဲ့ဝင် ဦးစန်းဝင်းနှင့် ဦးမြင့်ဆန်းတို့က စာရေးဆရာ နေဝင်းမြင့် ရေးသားသည့် “ရေစင်ကြေး” ဝတ္ထုတိုပါ အကြောင်းအရာများကိုဦးဆောင်ဆွေးနွေးခဲ့ကြသည်။
ဆက်လက်ပြီး စာဖတ်ဝိုင်းသို့တက်ရောက်လာကြသည့် Book Club အဖွဲ့ဝင်များက စာရေးဆရာ၏ ရည်ရွယ်ချက်နှင့် စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး Book Club အဖွဲ့၀ဝင် ဦးကျော်ဝင်းမှ စာဖတ်ဝိုင်းတက်ရောက်လာသူ ၁၅ ဦးအား ဘဒ္ဒန္တပညာဝံသ(ရန်ကင်းဆရာတော်) ရေးသားသည့် ဘဝခရီးသည်စာအုပ်နှင့်ဗုဒ္ဓဝါဒ ပြဿနာ ဖြေရှင်းနည်း( ၅ )မျိုး စာအုပ်များကိုပေးအပ်ခဲ့ကြောင်းသိရသည်။
သူရ