ကျွန်းလှမြို့နယ်တွင် အခြေခံလူတန်းစားအိမ်ထောင်စုများအား ထောက်ပံ့ငွေများ လက်ဝယ်အရောက်‌ပေးအပ်

ကျွန်းလှ ဩဂုတ် ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် နိုင်‌ငံတော်မှကိုဗစ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား စတုတ္ထအကြိမ်တစ်အိမ် ထောင်လျှင် ငွေကျပ်(၂၀၀၀၀)ကို မြို့နယ်အဆင့် ဌာနဆိုင်ရာ များ၊ ရပ်/ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူတို့က လက်ဝယ်အရောက်ပေးအပ်ကြောင်းသိရသည်။

ကျွန်းလှမြို့နယ်တွင် ရပ်ကွက်(၄)ရပ်ကွက်၊ ကျေးရွာအုပ်စု(၃၄)အုပ်စု၊ ကျေးရွာပေါင်း (၁၁၄)ရွာရှိပြီး ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု (၁၃၃၇၄) စုအတွက် ငွေကျပ်(၂၆၇၄၈၀၀၀၀) ထောက်ပံ့ခြင်းဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနမှသိရသည်။

မျိုးဝင်းညို (ကျွန်းလှ)