ဘီးလင်း ဩဂုတ် ၁၇
မွန်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ COVID-19 စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် ယမန်နေ့ မွန်းလွဲ ၁နာရီက စားသောက်ကုန် (ယိုမျိုးစုံပြုလုပ်နည်း)လက်တွေ့လုပ်ငန်းခွင် သင်တန်းဖွင့်ပွဲကို ဘီးလင်းမြို့နယ် အလူးလေးကျေးရွာ သုခကာရီ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
သင်တန်းဖွင့်ပွဲတွင် မွန်ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်ဝါက သင်တန်းဖွင့် အမှာစကားပြောကြားခဲ့သည်။
အဆိုပါသင်တန်း၌ ဈေးကွက်ဝင် ယိုမျိုးစုံထုတ်လုပ်နည်းများကို မွန်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူး ဒေါ်သူသူစံနှင့် လက်ထောက်နည်းပြ ဒေါ်စန်းစန်းထွန်းတို့က ၆ ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ ၃၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထူးနောင်(ပြန်/ဆက်)