ကျောက်တံခါး ဩဂုတ် ၁၇
ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ကျေးရွာမီးလင်းရေး ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ(၆)နာရီအချိန်၌ ဂနက် ကျေးစွာ ဟိန္ဒူ ဘုရားကျောင်းတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဦး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းကျော်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်ထွေးတို့က အမှာစကား ပြောကြားကြပြီး မြို့နယ် လျှပ်စစ် အင်ဂျင်နီယာ ဦးသိန်းတိုးက အမျိုးသား လျှပ်စစ်ဓါတ်အားရရှိရေးစီမံကိန်း (NEP)မှ မြို့နှင့်(၂) မိုင်ခန့် အတွင်းရှိ ကျေးရွာနေပြည်သူများအတွက် လျှပ်စစ်မီးရရှိရေးနှင့် ဆောင်ရွက် ပြီးစီးမှု အခြေအနေများကိုလည်းကောင်း၊ လျှပ်စ်မီးသုံးစွဲရာတွင် အန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေး နည်းလမ်းများကို ရှင်းလင်းပြောကြား ခဲ့သည်။
ဆက်လက်၍ကျေးရွာမီးလင်းရေးကော်မတီဥက္ကဌ ဦးကီစိုးကူးမားက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ကျေးရွာလျှပ်စစ် မီးလင်းရေး ဖွင့်ပွဲအခမ်းအနားကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ် လျှပ်စစ်အင်ဂျင်နီယာတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
ဂနက်ကျေးရွာ လျှပ်စစ်မီးလင်းရေးအတွက် အမျိုးသား လျှပ်စစ်ဓါတ်အားရရှိရေး စီမံကိန်း (NPE)က ဆောင်ရွက်ပေးခဲ့ပြီး ကျေးရွာ ပြည်သူ ထည့်ဝင်ငွေ သိန်းတစ်ရာနှင့်အတူ 100-KVA ထန်စဖော်မာတစ်လုံး တပ်ဆင်ဆောင်ရွက် ခြင်း ဖြစ်ပါသည်။ မီးကြိုးမီးတိုင်များ သွယ်တန်းပြီး ဖြစ်၍ ကျေးရွာပြည်သူ (၂၅၀) ဦး၊ အိမ်ထောင်စု (၁၀၀) ကျော်သည် လျှပ်စစ်မီး အချိန်ပြည့်သုံးစွဲနိုင်ပြီ ဖြစ်ကြောင်း သိရှိရသည်။
စန်းစန်း(ပြန်/ဆက်)