ကော့ကရိတ် သြဂုတ် ၁၇
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်ကလေးသူငယ်များအား ဗီတာမင်အေနှင့်သန်ချဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ သတ်မှတ်ထားသောစုရပ်နေရာများ၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ ကလေးငယ်များအား ဗီတာမင်အေနှင့်သန်ချဆေးတိုက်ကျွေးခြင်းကို မြို့ပေါ်ရပ်ကွက် (၃) နေရာတို့၌ အသက် (၆) လမှ (၁၁) လအထိ ကလေးငယ်များအား ယူနီ (၁) သိန်းအား ဗီတာမင်အေအပြားဆေးတစ်လုံး၊ အသက် (၁၂) လမှ (၅) နှစ်အထိ ကလေးငယ်များအား ယူနစ် (၂) သိန်းအား ဗီတာမင်အေအနီတစ်လုံးနှင့် အသက်(၂) နှစ်မှ (၅) နှစ်အထိ ကလေးငယ်များအား သန်ချဆေးများတိုက်ကျွေးခဲ့ကြပြီး ကျန်ရှိနေသည့် မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာအုပ်စု များတွင်လည်း မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ဆက်လက်၍ဆေးများတိုက်ကျွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)