ရေနံချောင်း သြဂုတ် ၁၇
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့တွင် မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်း မှ ၂၀၁၉ -၂၀၂၀ CSR ရန်ပုံငွေ ကျပ်သိန်းပေါင်း (၃၆၈၁.၈၀) ဖြင့်ဆောင်ရွက်လျက်ရှိသော ရေနံချောင်းမြို့ အေးကုန်းရပ်ကွက် ၊ ရွှေစေတီ တိုက်သစ် ကျောင်း ကတ္တရာလမ်းခင်းခြင်း ၊ အောင်ဆန်းရပ်ကွက်တွင် ကွန်ကရစ် လမ်းခင်းခြင်း ၊ ဂျုပ္ပင်ကျေးရွာတွင် ကွန်ကရစ် လမ်းခင်းခြင်း ၊ မြို့မတောင်ရပ်ကွက်တွင် ကွန်ကရစ် လမ်းခင်းခြင်း၊ ချောင်းတိမ်ချောင်း ကျောက်ရိုးရေကာတာ တည်ဆောက်ခြင်း ၊ မြို့နယ်ကြက်ခြေနီအသင်း ရုံးတည်ဆောက်ခြင်းနှင့် မြို့နယ်တိုင်းရင်းဆေးရုံ ထမင်းစားဆောင် ဆောက်လုပ်ခြင်းလုပ်ငန်းများကို သြဂုတ်လ (၁၅)ရက်နေ့ က ရေနံချောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသာချို ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဉီးသိန်းလှ ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးမန်ကိုဟော ၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်း မန်နေဂျာ ဦးခွန်မျိုးသန့်နှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရှိရသည်။
ငြိမ်းငြိမ်းအိ(ပြန်/ဆက်)