"အောင်ဖာပွန်"မြို့မလူငယ်အဖွဲ့အ​နေဖြင့် ဖာပွန်မြို့မှ ဝှေဆန်​ကျေးရွာအထိ ဆွမ်းဆန်စိမ်းလှည့်လည်အလှူခံ

ဖာပွန် သြဂုတ် ၁၇

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ပရဟိတလုပ်ငန်းများဆောင်ရွက်ရန်အတွက် ရည်ရွယ်ဖွဲ့စည်းထား​သော"​အောင်ဖာပွန်"မြို့မလူငယ်အဖွဲ့သည် ယ​နေ့နံနက် (၇) နာရီအချိန်က ဖာပွန်မြို့တွင်းသို့ လှည့်လည်၍ ဖာပွန်မြို့၊ သမိုင်းဝင်​ရွှေဆံ​တော်​စေတီ​တော်မြတ်ကြီးတည်ရှိရာ ​ရွှေဆံ​တော်ဘုန်း​တော်ကြီး​ကျောင်းအတွက် ဝါတွင်းကာလဆွမ်းဆန်စိမ်းအလှူခံထွက် ခဲ့ကြောင်း သိရသည်။

ဝါတွင်းကာလ ဆွမ်းဆန်စိမ်းလှည့်လည်အလှူခံထွက်ခြင်းကို ဖာပွန်မြို့တွင်းမှ​​ဝှေဆန်​ကျေးရွာအထိ​ သွား​ရောက်ဆောင်ရွက်ခဲ့ရာ စေတနာရှင်အလှူရှင်အသီးသီးက ဆွမ်းဆန်​တော်များလောင်းလှူခဲ့ကြ​ကြောင်း သိရှိရသည်။
စိုင်း​​ကျော်ဝဏ္ဏ၊ တိုး​ဝေဇင်(ပြန်ဆက်)