ကျောက်ကြီး သြဂုတ် ၁၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြန်မာနိင်ငံ ဆန်စပါး အသင်းချုပ်မှ ပေးအပ်လှူဒါန်းထားသော ဆန်အိတ်(၂၆)အိတ်အား ယမန်နေ့ နံနက်(၁၀)နာရီ အချိန်က မြို့နယ်COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ဆန်အိတ်များအား လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနား ကို ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူက မြန်မာနိင်ငံ ဆန်စပါးအသင်းချုပ်မှ ပေးအပ်လှူဒါန်းထားသော ဆန်အိတ်(၂၆)အိတ်သည် မြို့နယ်အတွင်းရှိ ဇူလိုင်လ(၂၁)ရက်နေ့၌ Facility Quarantine ရှိနေသူ(၁၇၂) ဦး အတွက် တစ်ဦးလျှင် ဆန် (၃)ပြည် နှင့် နို့ဆီဗူး(၅)ဗူးစီ ထောက်ပံ့ပေးသွားခြင်းဖြစ်ကြောင်း ပြောကြားပြီး Quarantine Center အလိုက် တာဝန်ယူ ထားကြသည့် တာဝန်ခံများ၊ ရပ်ကွက်ကျေးရွာအုပ်စုအုပ် ချုပ်ရေးမှူးများ၊ စာရေးများလက်သို့ ဆန်အိတ်များ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
K ခိုင်ပြန်/ဆက်