ဘောဂလိမြို့တွင် နိုင်ငံတော်မှအခြေခံလူတန်းစားများအတွက် တတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်

ဘောဂလိ ဩဂုတ် ၁၇

ကရင်ပြည်နယ်၊ ဘောဂလိမြို့အတွင်းရှိ  ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်အစိုးရမှ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့်  ထောက်ပံ့သည့် ထောက်ပံ့ငွေများကို ရပ်ကွက်/ကျေးရွာများရှိ အိမ်ထောင်စု (၁၇၂၆) စုထံသို့  လက်ဝယ်အရောက်ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ် - ၁၉ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများ၏ အလုပ်အကိုင်အခက်အခဲများဖြစ်နေမှုအပေါ် ယခုလိုထောက်ပံ့ငွေများ ပေးအပ်ခြင်းဖြစ်ကြောင်း၊ ထောက်ပံ့ငွေများကို အိမ်ထောင်စုများ  လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့အုပ်ချုပ်ရေးမှူး   ဦးစောဘိုဘိုကျော်က ပြောကြားသည်။

အဆိုပါ ထောက်ပံ့ငွေများကို   မြို့အုပ်ချုပ်ရေးမှူးနှင့်  ရက်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် (၂၀၀၀၀) နှန်းဖြင့် ဘောဂလိမြို့အတွင်း အမှတ် (၄) ရပ်ကွက်ရှိ အိမ်ထောင်စု (၇၉) စုနှင့် ကျေးရွာအုပ်စု (၈) စုရှိ အိမ်ထောင်စု (၁၆၄၇) စု စုစုပေါင်းအိမ်ထောင်စု (၁၇၂၆) စုတို့အတွက် ထောက်ပံ့ငွေကျပ် (၃၄၅၂၀၀၀၀) ကို တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လံထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

နီလာအေး