သံတောင်ကြီး သြဂုတ် ၁၇
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်စဉ်ကာလအတွင်း ပူးပေါင်းပါဝင် ကူညီဆောင်ရွက်သူများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းကို ယမန်နေ့နေ့လယ်ပိုင်းက သံတောင်မြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
ဂုဏ်ပြုပွဲအခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စောဗစ်တာခလိုက်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်နော်ခရစ္စထွန်း မြို့အုပ်ချုပ်ရေးမှူး ဦးနေလင်းအောင်တို့က အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွင် ပူးပေါင်းကူညီဆောင်ရွက်ခဲ့သည့် စေတနာရှင်အလှူရှင်များ၊ Quarantine Centre များတွင် ပါဝင်ကူညီပေးခဲ့သော ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ပရဟိတလူငယ်များ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ၊ အမျိုးသမီးများအဖွဲ့နှင့် NGO အသင်း အဖွဲ့တို့အား ဂုဏ်ပြုမှတ်လွှာများကိုပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)