ဒဂုံမြို့သစ်(အရှေ့ပိုင်း) သြဂုတ် ၁၇
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ သဘာဝပတ်ဝန်းကျင် စိမ်းလန်း စိုပြေစေရန်၊ သဘာဝဘေး အန္တရာယ်နှင့် အပူဒဏ်ကာကွယ်နိုင်ရေး၊ သစ်ပင်များအား တန်ဖိုးထား ချစ်မြတ်နိုးတတ်စေရန် ရည်ရွယ်၍ ပြည်သူများ စိုက်ပျိုးနိုင်ရန် ယမန်နေ့ နံနက်ပိုင်းက ရွာသာကြီးရပ်ကွက်၌ ပျိုးပင်များ ဖြန့်ဝေခဲ့သည်။
ထို့သို့ ဖြန့်ဝေရာတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် သစ်တောဦးစီးဌာနက တာဝန်ရှိသူများက ပတ်ဝန်းကျင် စိမ်းလန်း စိုပြေသာယာလှပစေရေး၊ ရာသီဥတု အပူဒဏ်အကာအကွယ်ရရှိစေရေး၊ လမ်းဘေး ဝဲ/ယာ အရိပ်ရစေရန်၊ သဘာဝဘေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်ရေးအတွက် ပြည်သူများလက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဝင်းထွဋ်ဝင်း(ပြန်/ဆက်)