ဘောဂလိမြို့တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့

ဘောဂလိ မတ် ၁၆

အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှ လူမှုရေးပင်စင် ထောက်ပံ့လျက်ရှိရာ ယနေ့ နံနက် (၈နာရီခွဲ)အချိန်က ဘောဂလိမြို့ အမှတ်(၃) ရပ်ကွက်အတွင်း  ကွင်းဆင်း ထောက်ပံ့ပေးခဲ့ကြသည်။

ထို့သို့ ထောက်ပံ့ရာတွင် အမှတ်(၃) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစောထီးလားအယ်နှင့် တာဝန်ရှိသူများသည်   နိုင်ငံတော်မှထောက်ပံ့လျက်ရှိသော  လူမှုရေးပင်စင်  တစ်လလျှင် ကျပ်တစ်သောင်းဖြင့်  (၃)လ တစ်ကြိမ် ကျပ်သုံးသောင်းအား သွားလာနိုင်ခြင်းမရှိသော ဘိုးဘွားများအား အိမ်တိုင် အရောက်  ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

နီလာအေး (ပြန်/ဆက်)