ကလေးမြို့နယ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်းပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူ တန်းစား အိမ်ထောင်စုများသို့ ထောက်ပံ့ငွေများ ကွင်းဆင်းထောက်ပံ့

ကလေး    ဩဂုတ် ၁၇


စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်ရှိ ရပ်ကွက်ကျေးရွာများတွင် ကိုဗစ်-၁၉ကပ်ရောဂါ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားအိမ်ထောင်စုများသို့ ထောက်ပံ့ ငွေ များ ပေးအပ်ထောက်ပံ့ခြင်းကို ဌာနဆိုင်ရာမှဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာများမှ တာဝန်ရှိ သူများက အိမ်တိုင်ရာရောက်ပေးအပ်ထောက်ပံ့ခဲ့ကြကြောင်းသိရသည်။
ထိုသို့ပေးအပ်ထောက်ပံ့ရာတွင် ကလေးမြို့နယ်အတွင်းရှိ အိမ်ထောင်စု တစ်စုလျှင် ကျပ်ငွေ (၂၀၀၀၀)ကျပ်နှုန်းဖြင့် အိမ်ထောင်စု (၄၄၀၆၄) စုတို့အတွက် ထောက်ပံ့ငွေ ကျပ်ငွေ (၈၈၁၂ ၈၀၀၀၀) ကျပ်တို့ အားပေးအပ်ထောက်ပံ့ခဲ့ကြသည်။
နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေမရှိသည့်အခြေခံလူတန်းစားအိမ်ထောင်စုများသို့ ထောက်ပံ့ငွေ များပေးအပ်ထောက်ရာတွင် ပထမအကြိမ်အဖြစ် အခြေခံစားသောက်ကုန်(၅) မျိုး၊ဒုတိယ အကြိမ်အဖြစ် အကြောင်းအမျိုးမျိုးကြောင့်ကျန်ရှိနေသည့် အိမ်ထောင်စုများသို့ ထောက်ပံ့ငွေ ကျပ် (၁၅၀၀၀)ကျပ်၊တတိယအကြိမ်အဖြစ် အိမ်ထောင်စု တစ်စုလျှင် ကျပ်ငွေ (၂၀၀၀၀) ကျပ်ပေးအပ်ထောက်ပံ့ပြီး ယခုအကြိမ်ထောက်ပံ့ခြင်းသည် စတုတ္ထအကြိမ်အဖြစ် ပေးအပ် ထောက်ပံ့ခြင်းဖြစ်ပြီး အိမ်ထောင်စုတစ်စုလျှင် ကျပ်ငွေ (၂၀၀၀၀)ကျပ်ဖြင့် ပေးအပ် ထောက် ပံ့ ကြကြောင်းသိရသည်။
ထန်းဖုန်(ပြန်/ဆက်)