ကန့်ဘလူ ဩဂုတ် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူ မြို့နယ်တွင် နိုင်ငံတော်မှချမှတ်ထား သော COVID-19 Economic Relief Plan -CERP အစီအစဉ်အရ ကျေးလက်ဒေသနေ မိသားစုဝင်များ ဝင်ငွေနည်းပါးကာ စားဝတ်နေရေး အခက်အခဲများကို ကုစားဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် Cash For Work စီမံကိန်းဖြင့် အင်္ဂါဒေါင့်၊ပိတောက်ပင်၊ဘူးကုန်း၊ မေတ္တာမွန်၊ ချောင်းသာနှင့်ကျွဲဖြူ ကျေးရွာ စသည့်ကျေးရွာ ခြောက်ရွာအား တစ်ရွာလျှင် ကျပ်သိန်း ၁၀၀ စီဖြင့် ဇူလိုင် ၂၅ ရက်ကစတင်၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သော ကျေးရွာတွင်းလမ်းများပြုပြင် ခြင်း၊ ရေနုတ်မြောင်းတူးဖော်ခြင်း၊ တံတား ချည်းကပ်လမ်းမြေဖို့ခြင်း၊ ကုန်ထုတ်လမ်းမြေသားခင်းခြင်းနှင့် ကျောက်စီမြေကာနံရံ တည်ဆောက် ခြင်းလုပ်ငန်းများကို ဒေသခံပြည်သူများကိုယ်တိုင် ဆောင်ရွက်ကြခြင်းဖြစ်ပြီး သတ်မှတ်လုပ်အားခကို ရရှိနိုင်ခြင်းကြောင့် မိသားစုများတွင် စားဝတ်နေရေး အထောက်အကူ ပြုနိုင်ပြီဖြစ်ကြောင်းသိရသည်။
အဆိုပါ ဒေသခံပြည်သူများ ကိုယ်တိုင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ကိုင်းရိုး ကျေးရွာအုပ်စု အင်္ဂါဒေါင့်ကျေးရွာသို့ ကန့်ဘလူကျေးလက်ဒေသဖွံဖြိုး တိုးတက်ရေးဦးစီးဌာန ခရိုင် ဦးစီးမှူး ဦးကျော်မြင့်လွင်ဦး၊ မြို့နယ်ဦးစီးမှူး ဦးဟန်ထွန်းအောင်နှင့် ဝန်ထမ်းများ ယနေ့ နံနက် ၉ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို ကျေးရွာပြည်သူများ နှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)