ရေနံချောင်းမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီဖွဲ့စည်း

ရေနံချောင်း ဩဂုတ် ၁၇


မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ရွေးကောက်ပွဲ လုပ်ငန်းစဉ် များနှင့်ပတ်သက်ပြီး အငြင်းပွားမှုပြဿနာတစ်စုံတစ်ရာပေါ်ပေါက်ပါက အချိန်မီ ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် ယနေ့ နံနက် ၉ နာရီက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင် ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေး ကော်မတီဖွဲ့စည်းရန် ညှိနှိုင်းဆွေးနွေး ခဲ့ကြောင်းသိရသည်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေး ကောက်ပွဲကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ပွင့်လင်းမြင်သာစွာကျင်းပပြုလုပ်မည် ဖြစ်သည့်အတွက် ရွေးကောက်တင် မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး အငြင်းပွားမှုပြဿနာတစ်စုံတစ်ရာပေါ်ပေါက်ပါက အချိန်မီ ဖြေရှင်းဆောင်ရွက်နိုင်ရေး အတွက် မြို့နယ်အတွင်း ဩဇာတိက္ကမရှိပြီး အများယုံကြည်လေးစားသူ၊ ပါတီနိုင်ငံရေး ကင်းရှင်းသူ ငါးဦးကို ရွေးကောက်ပွဲ ဆိုင်ရာစေ့စပ်ညှိနှိုင်းရေး ကော်မတီဝင်များ အဖြစ် ဖွဲ့စည်းခဲ့ကြောင်း မြို့နယ်ရွေး ကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဒေါ်ချိုချိုလွင်ထံမှ သိရ သည်။
ကိုစိုးကြီး