ပြည် ဩဂုတ် ၁၇
ပဲခူတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်း(၇) ကျောင်း အတွက် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ပြည်မြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ ပုလဲသီတာခန်းမ၌ ယနေ့ နံနက် ၁ဝ က ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားတွင် တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင်၊ ခရိုင်အားကစားမှူး လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သန္တာဝင်း၊ မြို့နယ်ပညာရေးမှူး ဒေါက်တာ ဒေါ်မာမာဇင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အ.ထ.က (မြောက်နဝင်း)၊ အ.ထ.က(၃)ပြည်၊ အ.ထ.က(မှော်ဇာ)၊ အ.ထ.က(ရွှေတံခါး)၊ အ.ထ.က(လက်ပံလှ)၊ ထ(ခွဲ)လ(၂) နှင့် စင်္ကြန်တောင် ဘ/ကကျောင်းတို့မှ ကျောင်းအုပ်ကြီးများထံ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ လှူဒါန်းသည့် အားကစားပစ္စည်း (၈)မျိုး စီကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)