ကြာအင်းဆိပ်ကြီး ဩဂုတ် ၁၇
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စီးပွားဖြစ်ခြံများအား စစ်တမ်းကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်ဦးစီးမှူး ဒေါက်တာသန်းမြို့ဦးနှင့် မြို့နယ်ဦးစီးမှူး ဒေါက်စိုးလွင်တို့က ကြီးကြပ်၍ ဝန်ထမ်းများက အသားစားကြက်ခြံ၊ ဥစားကြက်ခြံ၊ အသားတိုးဝက်ခြံ၊ မျိုးဝက်ခြံများကို ကိုဗစ်-၁၉ ကာလ မတိုင်မီနှင့် ကိုဗစ်ကာလအတွင်း မွေးမြူသူများအား ကြုံတွေ့နေရသော အခက်အခဲများ၊ မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သော အထောက်အပံ့များ စသည့်တို့ကို စစ်တမ်းကောက်ခံကြောင်း သိရသည်။
သဲဝါ(ပြန်/ဆက်)