ခန္တီး ဩဂုတ် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ယနေ့မွန်းလွဲ ၁ နာရီခွဲက ခန္တီးမြို့နယ် ကောင်းဟိန်တိုက်နယ်ဆေးရုံမှ ဗိုလ်ကြီးဉာဏ်လင်းထက်က စာအုပ်များ လာရောက်လှူဒါန်းခဲ့သည်။
အဆိုပါ စာအုပ်များတွင် ကျန်းမာရေးအသိပညာပေးစာအုပ်များ၊ IELTS အင်္ဂလိပ်စာလေ့ကျင့်ခန်း စာအုပ် များ၊ Wish Myanmar လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ဂျာနယ်များနှင့် လက်ကမ်း စာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
စနေမောင်မောင်(ခန္တီး)