ပွင့်ဖြူမြို့နယ်တောင်သူများလယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကောက်စိုက်စက် ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ပေး

ပွင့်ဖြူ  ဩဂုတ် ၁၇

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ မိုးစပါးစိုက်ပျိုးရာသီတွင် မြို့နယ်အတွင်းရှိ တောင်သူများ သီးနှံအထွက်နှုန်းတိုးတက်ကောင်းမွန်စေရန် ၊ စပါးစိုက်ပျိုး ထုတ်လုပ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် လယ်ယာလုပ်သားရှားပါးမှု အခက်အခဲများ ပြေလျော့ သက်သာစေရန် ရည်ရွယ်၍ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ဝန်ဆောင်မှု လုပ်ငန်း ဆောင်ရွက်ပေးခြင်းကို ဩဂုတ် ၁၇ ရက် ၊ ယနေ့ နံနက် ၈ နာရီက ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာ ကွင်းအမှတ် (၆၇၆) ၊ တောင်သူ ဦးမြင့်လွင်၏ မိုးစပါးစိုက်လယ်မြေ (၁၅)ဧက၌ ဧရာပဒေသာမျိုးစပါး စိုက်ပျိုးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျွန်တော်တို့ ပွင့်ဖြူမြို့ ၊ အမှတ်(၄၆)စက်မှုလယ်ယာစခန်းအနေနဲ့ မြို့နယ်အတွင်းရှိ ဒေသခံ တောင်သူတွေ မိုးစပါးစိုက်ပျိုးရာသီမှာ သီးနှံအထွက်နှုန်းတိုးတက်ကောင်းမွန်စေဖိုနဲ့ လယ်ယာ လုပ်သားရှားပါးမှုအခက်အခဲများ ပြေလျော့သက်သာ စေဖို့အတွက် ကောက်စိုက်စက်နဲ့ မိုးစပါးစိုက်ပျိုးခြင်းဝန်ဆောင်မှုလုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနေ ပါတယ်”ဟုပွင့်ဖြူမြို့နယ်အမှတ်(၄၆)စက်မှုလယ်ယာစခန်းမှမြို့နယ်ဦးစီးမှူးဦးအောင်ကျော်စန်း က ပြောသည်။

ပွင့်ဖြူမြို့နယ်စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် ဒေသခံတောင်သူများ တောင်သူသီးနှံဝင်ငွေ တိုးပွားကာ လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ၊ စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး အတွက် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းနိုင်ရန်နှင့် ရာသီအလိုက် သီးနှံများစိုက်ပျိုးရာတွင် တွေ့ကြုံရသည့်လယ်ယာလုပ်သားရှားပါးမှု အခက်အခဲများ ပြေလျော့သက်သာစေရန်စသည့်ရည်ရွယ်ချက်များဖြင့်ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုး ခြင်း ဝန်ဆောင်မှုလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် မြို့နယ်စက်မှုလယ်ယာစခန်းရုံးဝန်းအတွင်းတည်ထောင်ထားရှိသည့်စပါးအ ခြောက် ခံစက်ဖြင့် ဆန်းစပါးအရည်အသွေး ကောင်းမွန်စေရန်နှင့် စပါးသီးနှံဆုံးရှုံးမှု လျော့ နည်း စေရေးအတွက် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများနှင့် ဆန်စပါး ရောင်းဝယ်ရေး လုပ်ငန်းရှင်များကို စပါးအခြောက်ခံခြင်းလုပ်ငန်း ဝန်ဆောင်မှုပေးခြင်းကိုလည်း ပြုလုပ် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။  

ရဲဝင်းနိုင် ( ညောင်ဦး )