ကြို့ပင်ကောက်မြို့တွင် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကျင်းပ

ကြို့ပင်ကောက် ဩဂုတ် ၁၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် ဩဂုတ်လ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သော လေးပြင်းကြောင့် အမိုးလန် ပျက်စီးခဲ့သော အိမ်ထောင်စုများအတွက် လေဘေးသင့် ထောက်ပံ့ငွေပေးအပ်ပွဲကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနရုံး အစည်းအဝေးခန်းမတွင် ယနေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကိုမင်းက အဖွင့်အမှာစကား ပြောကြားပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွမှုဦးစီးဌာန၊ ပဲခူးတိုင်း‌ဒေသကြီး ဦးစီးမှူး ရုံးမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမာမှ ရှားပင်ထကျေးရွာအုပ်စု၊ ရောက်ချောင်းကျေးရွာနှင့် ပန်းတင် ရပ်ကွက်တို့တွင် လေပြင်း တိုက်ခတ် မှုကြောင့် အမိုးလန်တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်(၁၆)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုး ခြောက်သိန်းနှစ်သောင်းကျပ် အား လေဘေးသင့် ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)