မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစားများအား စတုတ္တကြိမ်‌ မြောက်ထောက်ပံ့ပေးအပ်

ကျိုက်ထို ဩဂုတ်၁၇

ကျိုက်ထိုမြို့နယ်တွင် နိုင်ငံတော်က ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်သာသနာ့ဗိမ္မာန်၌ ထောက်ပံ့ ပေးအပ်ခဲ့သည်။
အခမ်းအနားတွင် ထောက်ပံ့ငွေပေးအပ်ရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ခင်ဆောင်က ကိုဗစ်-၁၉ ရောဂါမပြန့်ပွားစေရန်လက်ဆေးခြင်းနှင့် နှာခေါင်းစည်းများ ကို ဆက်လက် တပ်ဆင်ခြင်းဖြင်ကာကွယ်တားဆီးကြရန် ကျန်းမာ‌ရေးဆိုင်ရာများကို မှာကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲ၀င်းထိုက်က ထောက်ပံ့‌ငွေပေးအပ်ရခြင်း ရည်ရွယ်ချက်၊ ထောက်ပံ့ ငွေပေးအပ်ရာတွင် အခြေခံလူတန်းစားများ၏ လက်ဝယ် အရောက် ပေးပို့ရ မည့်နည်းလမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစားများအားကိုဗစ်ကာလတွင် ပထမအကြိမ် နိုင်ငံတော်က ထောက်ပံ့သော အခြေခံစားသောက်ကုန် (၅) မျိုးကို အိမ်ထောင်စု (၃၃၈၇)အား လည်း‌ကောင်း၊ ဒုတိယအကြိမ် တွင် အိမ်ထောင်စု (၁)စုလျှင်
  ငွေကျပ် (၁၅၀၀၀) နှုန်းဖြင့် အိမ်ထောင်စု (၆၁၀၀)စုအားလည်းကောင်း၊ တတိယအကြိမ် တွင် အိမ်ထောင်စုတစ်စုလျှင်   ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် အိမ်ထောင်စု(၉၄၈၇)စု ကိုလည်းကောင်း ထောက်ပံ့ ထားရှိပြီး ဖြစ်သည်။
ယခုအခါ စတုတ္ထအကြိမ်အဖြစ်အိမ်ထောင်စုတစ်စုလျှင်
  ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် အိမ်ထောင်စု (၉၄၈၇   ) စုအတွက်စုစုပေါင်းငွေကျပ်(၁၈၉၇၄၀၀၀ဝိ/- )ကျပ်ကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲ၀င်းထိုက်နှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး မှူးများမှ အခြေခံလူတန်းစား အိမ်ထောင်စု များ၏လက်ဝယ်သို့ အရောက်ပေးအပ် လျှက်ရှိကြောင်း သိရသည်။

၀င်းမောင်(ကျိုက်ထို)