ဆိပ်ဖြူ ဩဂုတ် ၁၇
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ၂၀၂ဝပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့်ရရှိအတွက် ပထမအကြိမ် မဲဆန္ဒရှင် စာရင်း ထုတ်ပြန် ကြေညာပေးခဲ့ရာ မဲဆန္ဒရှင်စာရင်း လာရောက်ကြည့်ရှုသူ (၄၂၅၂၆) ဦး လာရောက်ကြည့်ရှု ကြောင်းသိရသည်။
ဆိပ်ဖြူမြို့နယ်တွင် ၂၀၂ဝပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရပ်ကွက်/ ကျေးရွာအုပ်စုများမှ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ (၈၆၂၄၅) ဦး ရှိကြောင်း ပထမအကြိမ် မဲဆန္ဒရှင် စာရင်းကို ဇူလိုင်လ (၂၅) ရက်နေ့မှ ဩဂုတ်လ (၁၄) ရက်နေ့အထိ ထုတ်ပြန်ကြေညာခဲ့ရာ မဲဆန္ဒရှင်စာရင်းလာရောက်ကြည့်ရှုသူ (၄၂၅၂၆) ဦးရှိကြောင်း၊ ထိုသို့ ကြေညာထားရှိရာတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ကျန်ရှိခြင်း၊ အချက်အလက်များ မှားယွင်းဖော်ပြချက်များကြောင့် နစ်နာမှုမရှိစေရန် မဲဆန္ဒရှင်များက ရပ်ကွက်ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ များထံသို့ ပုံစံ(၃)ဖြင့် လျှောက်ထားသူ (၆၀၁) ဦး ၊ ပုံစံ(၄)ဖြင့် ကန့်ကွက်လွှာ တင်သွင်းသူ (၃၄၄) ဦး ၊ ပုံစံ(၄-ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းလျှောက်ထားသူ (၆၁၅) ဦးရှိကြောင်း ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ပုံစံ(၃)၊ ပုံစံ(၄) ၊ ပုံစံ(၄)(ဂ) လျှောက်ထားလာခြင်းအပေါ် စိစစ်ပြင်ဆင်၍ ဒုတိယအကြိမ် ထုတ်ပြန် ကြေညာသွားမည်ဖြစ်ကြောင်း၊ ဆိပ်ဖြူမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို မဲရုံပေါင်း (၁၀၃) ရုံဖြင့် ကျင်းပသွားမည်ဖြစ်ရာ နိုင်ငံရေးပါတီ အသီးသီးက အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၂)တွင် လွှတ်တော် ကိုယ်စားလှယ်လောင်း တင်သွင်းသူ (၆) ဦး ၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ကိုယ်စားလှယ်လောင်းတင်သွင်းသူ (၅) ဦး၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်(၁)တွင် ကိုယ်စားလှယ်လောင်းတင်သွင်းသူ (၅) ဦး၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်(၂) တွင် ကိုယ်စားလှယ်လောင်းတင်သွင်းသူ (၅)ဦး ရှိကြောင်း ၊ ၂၀၂ဝပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ဌာနဆိုင်ရာများက မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ရပ်ကွက်ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် ရွေးကောက်ပွဲလုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
ကိုဇွဲ(အညာမြေ)