ကမာရွတ်မြို့နယ်တွင် အမှတ်(၆)ရပ်ကွက်အတွင်းရှိ ရေမြောင်းများရှိ အမှိုက်များ ရှင်းလင်းခြင်းနှင့် အပတ်စဉ်သန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်

ကမာရွတ် ဩဂုတ် ၁၇

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ရပ်ကွက်များအလိုက် ရေစီးရေလာကောင်းမွန်စေရေးနှင့် သန့်ရှင်း သာယာ လှပစေရေး တို့အတွက် မြို့နယ်စည်ပင် သာယာရေးကော်မတီနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများက အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်း ၉ နာရီခွဲအချိန်ခန့်က အမှတ်(၆)ရပ်ကွက် အတွင်းတွင် အပတ်စဉ် သန့်ရှင်းရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူများကျန်းမာရေးနှင့် ညီညွတ်စွာရှိစေရန်နှင့် မိုးတွင်ဘက်များတွင် ရေကြီးရေလျှံမှုများ လျော့နည်း သွားစေရန်နှင့် ခြင်မှတစ်ဆင့် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေး ရောဂါအန္တရာယ်မှ ကြိုတင်ကာကွယ်ရန် ရည်ရွယ်၍  အမှတ်(၆) ရပ်ကွက် အတွင်းရှိ ရေနုတ်မြောင်းများအတွင်းရှိ အမှိုက်များနှင့် နုံးအနှစ်များ ဆယ်ယူခြင်း၊ ပတ်ဝန်းကျင်ရှိအမှိုက်များ၊ သစ်ကိုင်း များ ရှင်းလင်းခြင်း၊ နောက်ဖေးလမ်းကြားရှိ အမှိုက်များ ရှင်းလင်းခြင်းလုပ်ငန်းများကို စည်ပင်(သန့်ရှင်ရေး)ဌာနမှ တာဝန်ခံ နှင့် စည်ပင် ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ ပါဝင်ပြီးအပတ်စဉ် အလှည့်ကျ ရပ်ကွက်များ တွင် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။

စိမ်းလဲ့(ပြန်/ဆက်)