မင်းကင်း သြဂုတ် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့တွင် မိခင်နှင့်ကလေး ဆေးခန်း၌ အသက်(၆)လမှ (၅)နှစ်အတွင်း ကလေးများအား သံချဆေးနှင့် ဗီတာမင်အေ တိုက်ကျွေး ခြင်းကို ယနေ့နံနက် ၉ နာရီ အချိန်ကစတင် တိုက်ကျွေးခဲ့ကြောင်းသိရသည်။
ထိုသို့တိုက်ကျွေးရာတွင် ကလေးငယ်များအား ကိုယ်အလေးချိန်တိုင်းခြင်း၊ သံချဆေးနှင့် ဗီတာမင်အေဆေးများကို တိုက်ကျွေးခဲ့ပြီး မြို့ပေါ် ရပ်ကွက်(၃) ရပ်ကွက်မှ ကလေးစုစုပေါင်း (၇၁) ဦးကို တစ်နှစ်လျှင် (၂) ကြိမ်နှုန်းဖြင့် တိုက်ကျွေးဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သိရှိရသည်။
လှငွေ(ပြန်/ဆက်)