ဆိပ်ဖြူ သြဂုတ် ၁၇
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ကြီးကြပ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးအစိုးရ၏ အထွေထွေပိုလျှံရန်ပုံငွေဖြင့် ပဒေသာလမ်းကို ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ပဒေသာလမ်းသည် မြို့နယ် စည်ပင်သာယာနယ်နိမိတ်အတွင်း အရှည် (၄၀၀) ပေရှိပြီး အကျယ် (၁၄) ပေ၊ ထု (၈)လက်မ (အထူ)ရှိ ကွန်ကရစ်လမ်းကို တိုင်းဒေသကြီးအစိုးရ၏ အထွေထွေပိုလျှံ ရန်ပုံငွေ (၉၈၀၀၀၀၀)သိန်းဖြင့် အများပြည်သူများ ရာသီမရွေး၊ အချိန်အခါမရွေး အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးနှင့် အရည်အသွေး ကောင်းမွန်ပြီး၊ စံချိန် စံညွှန်းမီပြီး ရေရှည်အသုံးပြုသွားလာနိုင်ရေး အတွက် မြို့နယ်စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိ ဦးမင်းစည်သူနှင့် မြို့နယ်စည်ပင်သာယာကော်မတီတို့က ကြီးကြပ်၍ လုပ်ငန်းခွင် အင်ဂျင်နီယာ ဦးသက်နိုင်ထွန်း (အငယ်တန်း အင်ဂျင်နီယာ-၂) က တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရ သည်။
ကိုမျိုး (ယောဧရာ)