ဘီးလင်း သြဂုတ် ၁၇
စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဘီးလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ (CERP) အထောက်အပံ့အရ မိုးစပါး မျိုးစေ့ထုတ် တောင်သူများသို့ ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက ဇွဲကလာကျေးရွာ တောင်သူ ဦးဌေးနိုင်၏ကွင်းအမှတ် ၂၆၃ ၌ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က အဖွင့်အမှာစကား ပြောကြားပြီး မွန်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဦးအောင်ဇော်နိုင်က ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ သည်။
ထို့နောက် မိုးစပါး မျိုးစေ့ထုတ်တောင်သူများသို့ ထောက်ပံ့ငွေပေးအပ်ပွဲကို ဆက်လက် ကျင်းပ ပြုလုပ်ရာ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးက တစ်ဧကလျှင် ငွေကျပ် ၁၅၀၅၀၀ နှုန်းဖြင့် (၁၁၀) ဧကအတွက် ငွေကျပ် ၁၆၅.၅၅သိန်း ကို တောင်သူ ၁၉ ဦးထံ လွှဲပြောင်းပေးအပ် ခဲ့ကြောင်းသိရသည်။
ထူးနောင်(ပြန်ဆက်)