ဟုမ္မလင်း သြဂုတ် ၁၈
သြဂုတ်လ(၁၇)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းတာချက်အရ ဟုမ္မလင်းမြို့၏ ချင်းတွင်းမြစ်ရေသည် စိုးရိမ် ရေအမှတ် (၂၉၀၀)၊ ထက်ပေဝက်ခန့် ကျော်လွန်ရောက်ရှိနေပြီး၊ နောက်(၂)ရက် အတွင်း ယင်းရေအမှတ်ထက် ပေဝက်ခန့်သို့ ဆက်လက်မြှင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ထားကြောင်း သိရှိရသည်။
ဟုမ္မလင်းမြို့နယ် အတွင်းချင်းတွင်းမြစ်ကမ်းနှင့် မြေနိမ့်ပိုင်းများတွင် နေထိုင်ကြသူများအနေဖြင့် အထူး သတိပြုနေထိုင်ကြရန် သြဂုတ်လ(၁၆)ရက်နေ့တွင် မုက္ကလိကျေးရွာနှင့် သြဂုတ်(၁၇)ရက်နေ့၊ မွန်းလွဲ (၂)နာရီအချိန်က ကက်သာကျေးရွာတို့တွင် ဟုမ္မလင်း မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက အထူးသတိပြုနေထိုင်ကြရန် အသိပေးလိုက်လံနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
လင်းလင်း(ပြန်/ဆက်)