ဝေါ ဩဂုတ် ၁၇
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ သူရဲသူမိန်ကျေးရွာ ကိုယ့်အားကိုယ်ကိုး ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းအား ဆောင်ရွက်နေ ကြောင်း သိရသည်။
အဆိုပါလမ်းအား ဆရာတော်ကြီး ဦးပဏ္ဍိတ၏ ဦးဆောင်မှုဖြင့် ဒေသခံပြည်သူများ ကျေးရွာအတွင်း လမ်းပန်းဆက်သွယ် ရေး ကောင်းမွန်စေရန်အတွက် ယမန်နေ့နံနက်ပိုင်းမှ စတင်ကာ သူရဲသမိန်တောင်ပိုင်း စေတီလမ်း၊ ဆေးရုံရှေ့လမ်း၊ ကျောင်းရှေ့လမ်း တို့အား အကျယ် ၁၀ပေ၊ အရှည် ပေ ၈၆၀ ပေရှိ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ရန် ဆရာတော်မှ ခန့်မှန်းကုန်ကျငွေ သိန်း(၁၅၀) ကျပ်ဖြင့် မတည်ကာ ဒေသခံအလှူရှင် များ၏အားဖြင့် ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)