အုတ်တွင်းမြို့နယ်၌ ပထမအကြိမ် မဲဆန္ဒရှင်စာရင်းကြေညာမှုအား လာရောက်ကြည့်ရှုသူဦးရေ(၃၉၅၈၆)ဦးရှိ

အုတ်တွင်း     သြဂုတ်   ၁၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ၂၀၂၀ပြည်နှစ်၊ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် အတွက် မဲဆန္ဒရှင်စာရင်းများ ကိုမြို့နယ်အတွင်းရှိရပ်ကွက်၊ ကျေးရွာများရှိရွေးကောက်ပွဲကောက်မရှင် အဖွဲ့ခွဲရုံးများတွင်ဇူလိုင်လ ၂၅ ရက်မှ သြဂုတ် လ ၁၄ရက်နေ့ အထိ ထုတ်ပြန်ကြေညာ ပေးခဲ့ကြောင်းသိရသည်။

အဆိုပါထုတ်ပြန်ကြေညာထားမှုတွင် မဲဆန္ဒရှင်စာရင်းလာရောက်ကြည့်ရှုသူ ဦးရေ(၃၉၅၈၆)ဦးရှိပြီး၊ မဲစာရင်း၌ အမည်စာရင်းမပါရှိ၍ ပုံစံ()ဖြင့် လျှောက်ထားသူ (၈၃၃)ဦး၊မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေ၍ ပုံစံ()ဖြင့်လာရောက် ကန့်ကွက်လျှောက်ထားသူ(၂၈၂)ဦး၊ မဲစာရင်းတွင် ကိုယ်ရေး အချက်အလက်များမှားယွင်း နေသဖြင့်ပုံစံ(-)ဖြင့်ပြင်ဆင်ရန် လာရောက်လျှောက်ထားသူ(၇၃၀)ဦးရှိကြောင်းသိရသည်။

အုတ်တွင်းမြို့နယ်တွင်ကျွဲပွဲမြို့ အပါအဝင်ရပ်ကွက်(၁၁)ခုနှင့် ကျေးရွာအုပ်စု(၄၀)ခုတို့တွင် လက်ရှိအချိန်ထိ ဆန္ဒမဲပေး ပိုင်ခွင့်ရှိ သူဦးရေ (၁၃၃၄၉၅) ဦးရှိပြီး၊ လျာထားမဲရုံအရေ အတွက်(၁၅၆)ရုံရှိကြောင်း မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အတွင်းရေးမှူး ဒေါ်နှင်းအိဖြူထံမှ သိရသည်။

ခင်မာ(ပြန်/ဆက်)