ဒဂုံမြို့နယ်၌ အခြေခံမဲစာရင်းပြည့်စုံမှန်ကန်မှုရှိရေး တစ်အိမ်ချင်းအလိုက် ကွင်းဆင်းစစ်ဆေး

ဒဂုံ        ဩဂုတ်       ၁၈

၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ()ရက်နေ့တွင်  ကျင်းပပြုလုပ်မည့်  ပါတီစုံ ဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲ၌ အခြေခံမဲဆန္ဒရှင် စာရင်းများ ပြည်စုံမှန်ကန်မှုရှိရေးနှင့်  ကျန်ရှိမှုမရှိရေးအတွက် မဲစာရင်းများ တစ်အိမ်ချင်းအလိုက်  ကွင်းဆင်းစစ်ဆေးခြင်းကို  ရန်ကုန်တိုင်း ဒေသကြီး၊  ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ် ကွက်၌ ယမန်နေ့မွန်လွဲ၂နာရီက  ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူး က စစ်ဆေးဆောင်ရွက် ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင်အဖွဲ့ခွဲ တာဝန်ခံများက ပထမအကြိမ် မဲစာရင်း ကပ်ထားကြေညာမှုအား လာရောက်ကြည့်ရှု စစ်ဆေးရာ တွင် ကျန်ရှိသည့်မဲဆန္ဒရှင်အမည်နှင့် လူဦးရေစာရင်း   တစ်ဦးချင်းအလိုက် အချက်အလက် မှန်ကန်ပြည့်စုံမှု  ရှိ/မရှိ၊  ကျန်ရှိမှု ရှိ/မရှိ တိုက်ဆိုင်စစ်ဆေးပေးပြီး ကျန်ရှိသူများ၏အမည် စာရင်းများကိုပုံစံ(-က)ဖြင့် လျှောက်ထားနိုင်ရေး ဆောင်ရွက် ပေးမည် ဖြစ်ကြောင်း သိရသည်။ ကျန်ရှိသည့် မဲဆန္ဒရှင်အမည်စာရင်းများကို အောက်တိုဘာလတွင်  ဒုတိယအကြိမ် ကြေညာပေးမည် ဖြစ်ကြောင်းသိရသည်။           

ဇာဖြူဝင်း(ပြန်/ဆက်)