ဒဂုံ ဩဂုတ် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ဦးဝိစာရရပ်ကွက်တွင်၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ အခြေခံမဲဆန္ဒရှင်စာရင်းများပြည်စုံ မှန်ကန်မှုရှိရေးနှင့် ကျန်ရှိမှုမရှိရေးအတွက် မဲစာရင်းများ မြေပြင် ကွင်းဆင်းတိုက်ဆိုင် စစ်ဆေးခြင်း ကိုယမန်နေ့ မွန်လွဲ၁နာရီက ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲ တာဝန်ခံများက တစ်အိမ်ချင်း အလိုက် စစ်ဆေးဆောင်ရွက် ကြောင်းသိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် အဖွဲ့ခွဲတာဝန်ခံများက ပထမအကြိမ် မဲစာရင်း ကပ်ထားကြေညာမှုအား လာရောက်ကြည့်ရှု စစ်ဆေးရာ တွင် ကျန်ရှိသည့် အိမ်ထောင်စု လူဦးရေစာရင်း တစ်ဦးချင်းအလိုက် အချက်အလက် မှန်ကန်ပြည့်စုံမှု ရှိ/မရှိ၊ ကျန်ရှိမှု ရှိ/မရှိ တိုက်ဆိုင် စစ်ဆေးပေးပြီး ကျန်ရှိသူများ၏အမည် စာရင်းများကိုပုံစံ(၃-က)ဖြင့် လျှောက်ထားနိုင်ရေးဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။ ကျန်ရှိသည့် မဲဆန္ဒရှင်အမည်စာရင်းများကို အောက်တိုဘာလတွင် ဒုတိယအကြိမ် ကြေညာပေးမည် ဖြစ်ကြောင်းသိရ သည်။
ဇာဖြူဝင်း(ပြန်/ဆက်)