လှိုင်မြို့နယ်ဗဟိုလမ်းမကြီးရှိ မီးပွိုင့်ဧရိယာများတွင် ကားများစနစ်တကျရပ်နားစေရန် ဖြူ၊ နီ၊ ကျား ဆေးသုတ်ခြင်း​ဆောင်ရွက်

ရန်ကုန်      သြဂုတ်    ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ယမန်နေ့နံနက် ၉ နာရီမှစ၍ နေ့လည် ၂ နာရီထိ စည်ပင်သာယာလမ်း တံတားဌာနမှ ဗဟိုလမ်းမကြီးနှင့် မီးပွိုင့်ဧရိယာများတွင် ကားပိတ်ဆို့မှုများ မဖြစ်ပေါ်စေရန် ရည်ရွယ်၍ ဖြူ၊ နီ၊ ကျား ဆေးသုတ်ခြင်းလုပ်ငန်း များအား​ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ယာဉ်ရပ်နားရဟူသော  အဓိပ္ပါယ်ရှိသည့် ဖြူ၊ နီ၊ ကျား မျဉ်းအမှတ်အသားများအား ဗဟိုလမ်းနှင့် ပါရမီလမ်းမီးပွိုင့်၊ ဗဟိုလမ်းနှင့်အုတ်ကျင်း ဘူတာရုံ လမ်းမီးပွိုင့်၊ ဗဟိုလမ်းနှင့် လှိုင်မြစ်လမ်း(ဘူတာရုံလမ်း) မီးပွိုင့်များတ​လျောက် ယာဉ်များပိတ်ဆို့ခြင်း၊ ယာဉ်တိုက်မှုများ​လျော့နည်း​စေ​ခြင်းနှင့် စနစ်တကျ​မောင်းနှင်နိုင်​ကြ​စေ​ရန် အတွက် ဖြူနီ ကျားဆေးများသုတ်ခြင်း ကိုဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပါသည်။ ယင်းသို့ ဖြူနီကျား ဆေးများ သုတ်ထားသည့် နေရာများတွင် စည်းကမ်းလိုက်နာမှု မရှိဘဲကားများကိုရပ်နား ထားပါက လှိုင်မြို့နယ် ယဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဥပဒေ အတိုင်း ဆက်လက်အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ကြည်ဇေသော်(ပြန်/ဆက်)