နတ်တလင်းမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှရွေးကောက်ပွဲကာလ အငြင်းပွားမှုဖြေရှင်းရေး အတွက်စေ့စပ်ညှိနှိုင်းရေးကော်မတီဖွဲ့စည်းရေးဆောင်ရွက်

နတ်တလင်း  သြဂုတ်  ၁၈

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ၂၀၂၀ ပြည့်နှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကာလအတွင်း အငြင်းပွားမှုများ ဖြစ်ပေါ်လာပါက ဖြေရှင်းပေးနိုင်ရေးအတွက် စေ့စပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်း ခြင်းကို ယမန်နေ့ နာရီခွဲက မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် ဆောင်ရွက်ကြသည်။

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်ထွဋ်က ရွေးကောက်ပွဲအချိန်ကာလတွင် ဖြစ်ပွားလာမည့် အငြင်းပွားမှုများ အတွက် ကြီးသည့်အမှုငယ်စေ ငယ်သည်အမှုပပျောက်စေရေးအတွက် စေ့စပ်ညှိနှိုင်းရေး ကော်မတီ ဖွဲ့စည်းရခြင်း အကြောင်းကို ရှင်းလင်း ပြောကြားသည်။

စေ့စပ်ညှိနှိုင်းရေးကော်မတီကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ရွေးချယ်ပေးသည့်သူများ ပါတီအသီးသီးမှ ကိုယ်စားလှယ် များဖြင့် ပေါင်းစု၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ဝင်းမြင့် (နတ်တလင်း)