လှိုင်သာယာမြို့နယ်၌ မိုးရာသီ သစ်ပင်များစိုက်ပျိုး

လှိုင်သာယာ(အနောက်ပိုင်း) သြဂုတ်  ၁၈

 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ်၌ မိုးရာသီသစ်ပင်များစိုက်ပျိုး ဆောင်ရွက်ခြင်း ကို ယမန်နေ့ နံနက် ၁၀ နာရီက စ၍ လှိုင်သာယာမြို့နယ် သာသန မကုဋ အတုလ ဗိမာန်တော်ကြီးတွင် မြို့နယ်ကြက်ခြေနီ တပ်သူနာပြု တပ်ဖွဲ့ဝင်များ၊ ဦးဇေကိုကိုဦးဆောင်သော လူမှုပရဟိတအဖွဲ့များစုပေါင်း၍ စိုက်ပျိုးသည်။

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်အတွင်း စိမ်းလန်းသာယာလှပစေရန်နှင့် သန့်ရှင်းသောလေကောင်း လေသန့် ရရှိစေရန် အတွက်  လှိုင်သာယာမြို့နယ် သာသန မကုဋ အတုလ  ဗိမာန်တော်ကြီးရှေ့တွင် စင်္ကာပူ ချယ်ရီပင်၊ အင်ကြင်းပင်၊ မဟော်ဂနီ ပင် နှင့် ကံကော်ပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

 မြသန္တာဝင်း(ပြန်/ဆက်)