လှိုင်သာယာ(အနောက်ပိုင်း) သြဂုတ် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ မိုးတွင်းကာလ အများပြည်သူများ သွားလာရေး အဆင်ပြေစေရန်နှင့် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်အတွက်၂၀၁၉−၂၀၂၀ တိုင်းဒေသကြီး ဘတ်ဂျက် ဖြင့် လမ်းကွန်ကရစ်ခင်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ယမန်နေ့ မွန်းလွဲပိုင်းက လှိုင်သာယာမြို့နယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ၊ မြို့နယ်/ရပ်ကျေး အလုပ်အမှုဆောင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု ဆောင်ရွက် သည်။
ထိုသို့ဆောင်ရွက်ရာတွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၂၀)ရပ်ကွက်၊ ဝေပုလ္လလမ်းအား ကွန်ကရစ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား အရည်အသွေး ပြည့်မီရေးနှင့်စနစ်တကျ ရေရှည်ခိုင်ခံ့မှု ရှိစေရေးကွင်းဆင်း ကြည့်ရှုခဲ့သည်။
အဆိုပါ အမှတ်(၂၀)ရပ်ကွက်၊ ဝေပုလ္လလမ်းအား ကွန်ကရစ်ခင်း ဆောင်ရွက်ရာတွင် လှိုင်သာယာမြို့နယ် လွှတ်တော် ကိုယ်စားလှယ်များ တင်ပြတောင်းဆိုမှုကြောင့် တိုင်း ဒေကြီးအစိုးရမှ စီမံဆောင်ရွက်ပေးမှုဖြင့် ၂၀၁၉−၂၀၂၀ တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းသိရှိရသည်။
မြသန္တာဝင်း(ပြန်/ဆက်)